Warranty Policy


Terms and Conditions 


  • M STUDIO Website မှ ဝယ်ယူထားသော ကုန်ပစ္စည်းတိုင်းသည် သက်ဆိုင်ရာ Company ၏ အာမခံကာလ သတ်မှတ်ချက်အတိုင်း အာမခံပေးလျက်ရှိပါသည်။ အကြမ်းအားဖြင့် ဝယ်ယူသုံးစွဲသူကြောင့်မဟုတ်သော ချို့ယွင်းမှုတိုင်းအတွက် အကျုံးဝင်ပါသည်။ Warranty ပေးသော ကုန်ပစ္စည်းတိုင်းတွင် ဖြစ်ပေါ်လာသည့် Error များကို သက်ဆိုင်ရာ Company များ၏ Service Center များမှ ဦးစွာစစ်ဆေးမည်ဖြစ်ပါသည်။ အထက်ပါအချက်နှင့်ပတ်သက်၍ Handsetများတွင် ဖြစ်ပေါ်သော Error များကို Warranty သဘောတရားအတိုင်း တာာန်ယူပြုပြင်ပေးမည်ဖြစ်ပြီး၊ ပြုပြင်၍ကောင်းသွားသော Handset များကို အသစ်လဲပေးရန်တောင်းဆိုခြင်းကို (လုံးဝ) ထည့်သွင်း စဉ်းစားမည်မဟုတ်ပါ။


1 Year Service (Hardware/ Software)

  • M STUDIO မှ ဝယ်ယူထားသော Handset များတွင် Hardware ပိုင်းချို့ယွင်းမှုများရှိခဲ့ပါက Voucher နှင့်တကွ လာရောက်ပြုပြင်လျှင် (၁) နှစ်အတွင်း အကြိမ်အရေအတွက် အကန့်အသတ်မရှိ အခမဲ့ ပြုပြင်ပေးသွားမည်ဖြစ်ပါသည်။ (လဲလှယ်ရသော Hardware ပစ္စည်း၏ တန်ဖိုးကိုသာ ပေးဆောင်ရပါမည်)


Life Time Free Installation

  • M STUDIO မှ ဝယ်ယူထားသော Handset များကို Software Installation ပြုလုပ်လျှင် Voucher နှင့်တကွ လာရောက်ထည့်သွင်းပါက အခမဲ့ ဝန်ဆောင်မှုပေးသွားမည် ဖြစ်ပါသည်။ (Application / Games / Music / Videos)


M STUDIO အာမခံ ပျက်ပြယ်စေနိုင်သော အချက်များ

  • ရေစိုခြင်း၊ ရေကျထားသောအကွက်တွေ့ခြင်း၊ ဆီကျခြင်း၊ ဆီဝင်ခြင်း၊ ထိခိုက်၊ ကျိုးပဲ့၊ အက်ကွဲ၊ ခြစ်ရာထင်ခြင်း။
  • သက်ဆိုင်ရာ Company များမှ အသိအမှတ်မပြုထားသောသူမှ ပြုပြင်ခြင်း (ဥပမာ - Sofware Update လုပ်ထားခြင်း၊ Hardware ပိုင်းများပြုပြင်ထားခြင်း)
  • မလုံလောက်သော ယိုယွင်းနေသော၊ ရှော့ရှိသောလျှပ်စစ်ဗို့အားပေးပိုင်းများနှင့် ချိတ်ဆက်မိ၍ပျက်စီးခြင်း၊ တစ်လုံးထိုးမီးစက်၊ ဘတ်ထရီ၊ Inverter များနှင့် ချိတ်ဆက်အားသွင်းခြင်းကြောင့် ပျက်စီးခြင်း။
  • Warranty စတစ်ကာ၊ စုတ်၊ ပြဲ၊ ရေစို၊ ပြန်ကပ်ထားခြင်း။
Voucher မယူဆောင်လာသော Handset များအတွက် Service Charges ပေးဆောင်ရမည်ဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါသည်။အသေးစိတ်သိရှိလိုသည်များရှိပါက Phone: 09-740010002 နှင့် 09-740010003 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။